ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

ကော့သောင်း စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ၂၅ရက်မှ ၂၉ ရက်အထိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊  သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းက  သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးထက်အောင်က အမှာစကားပြောကြားသည်။ ယင်း‌နောက်တာဝန်ရှိသူများက (၅)ရက်တာ သင်တန်းတက်ရောက်ပြီးစီးခဲ့သည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းကာလအတွင်းပြုလုပ်ခဲ့သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ခဲ့ကြသည်။ ယင်းနောက်သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)