လေးမျက်နှာ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ် ၁၂၂၃၊ ဦးပိုင်အမှတ် ၉၆၊ တောင်သူ ဦးတင်မျိုးထွေး၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပခဲ့သည်။
အခမ်းအနားသို့ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မား ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်၊ ခရိုင်မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးငြိမ်းမောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဗေဒါမြေဆွေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စာရေးကွင်းကျေးရွာ ကွင်းအမှတ် ၁၂၂၃၊ ဦးပိုင်အမှတ် ၉၆၊ တောင်သူ ဦးတင်မျိုးထွေး၏ ဆင်းသုခစံပြကွက် (၁၂.၀၀)ဧကအနက် (၀.၁၀)ဧကကို စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ (၁)ဧက အထွက်နှုန်း (၁၁၇)တင်းထွက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)