အင်္ဂပူ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နေ့လည်ပိုင်း ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုးထုတ်လုပ်ရေး သမအသင်းသားများအား မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက ဆီထွက်သီးနှံဖူလုံစေရေးမြေပဲပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်ကို တောင်သူများအားပညာပေးဆွေးနွေးခဲ့ပြီး မြေပဲစိုက်ပျိုးသည့် တောင်သူ (၃)ဦး၏ မြေပဲစိုက်ခင်း(၁၀) ဧကတွင် စမ်းသပ်စိုက်ပျိုးရန်အတွက် ရုရှားနိုင်ငံမှ Ruma Organic သဘာဝမြေဩဇာများအား (အခမဲ့)ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးဖြန်းမှုအားကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်မို့မို့ခိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုးထုတ်လုပ်ရေးသမအသင်းသား များတက် ရောက်ခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)