ရေဦး စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီက မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာများအား လက် တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြအခမ်းအနား ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူရကအဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဖြူဖြူအောင်ကလွတ်တော်အလိုက် မဲပေးစက်များထားရှိပုံ၊ မဲရုံတွင်တာ၀န်ထမ်းဆောင်မည့် သူများအား နေရာချထားပုံ၊ ဆန္ဒမဲလာပေးသည့် မဲဆန္ဒရှင်များ သိရှိလိုက်နာရမည့် မဲပေးပုံမဲပေးနည်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများက အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်းအမှုထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များတက်ရောက်ခဲ့ကြသည်။
သန်းသန်း (ရေဦး )