ရွှေဘို စက်တင်ဘာ ၃၀
၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မှ အောက်တိုဘာလ၁၃ ရက်နေ့ထိ(၁၄) ရက်ကြာရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားရှိကြောင်းသိရှိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက် ကြည့်ရှုကြကြောင်းသိရသည်။
ရွှေဘိုမြို့နယ်၌ ရွေးကောက်ပွဲအပိုင်း(၁)တွင်ရပ်ကွက်/ ကျေးရွာအုပ်စု (၅)အုပ်စု၊ မဲရုံ (၁၀) ရုံထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်