ခိုင်ကမ်း ဒီဇင်ဘာ ၂၄
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Online မှတစ်ဆင့် ပြုလုပ်ခဲ့သည့် ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများကို ယနေ့ နံနက် ၁၁ နာရီတွင် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြေင်းသိရသည်။
အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် ထီလာစစ်သူရေးသားသည့် လွတ်လပ်ရေးတာဝန် ခေါင်းစည်ဖြင့် လည်းကောင်း၊ ပုံပြောပြိုင်ပွဲအတွက် အောက်ချင်း ငှက်မောင်နှံ ကိုလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသူကျောင်းသူများထံ ပေးအပ်ခဲ့ပြီး နေအိမ်မှတစ်ဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေကာ ဆုရရှိသူများကို လူထုအခြေပြုဗဟိုဌာနသို့ ဖိတ်ခေါ်ကာဆုများ အသီးသီးချီးမြှင့် ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)