သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား မဲစာရင်းများ၊ ကြော်ညာသင်ပုန်းနှင့် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်ဝိုင်းများထုတ်ပေး

သာပေါင်း စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများအား မဲစာရင်းများ၊ မဲစာရင်းများ ကပ်ထားကြေညာရန်အတွက် ပုံစံစာရွက်များ၊ ကြော်ညာသင်ပုန်းနှင့်ကော်မရှင်အဖွဲ့ခွဲ တံဆိပ်ဝိုင်းများကို ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့၊နံနက် ၁၀ နာရီအချိန်ကမြို့နယ်ကော်မရှင်အဖွဲ့ရုံး၌ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများအား မဲစာရင်းများ၊ ကြော်ညာ သင်ပုန်းနှင့် ကော်မရှင်အဖွဲ့ခွဲ တံဆိပ်ဝိုင်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့ကရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများအား မဲစာရင်း၊ ကြော်ညာသင်ပုန်းနှင့်ကော်မရှင်အဖွဲ့ခွဲ တံဆိပ်ဝိုင်းများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး (သာပေါင်း ပြန်/ဆက်)