မြို့သစ် စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၅)အုပ်စု၊ ကျေးရွာပေါင်း (၁၄၁)ရွာ၊ မဲရုံပေါင်း (၁၀၈)ရုံရှိ မဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ပထမအကြိမ် ကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည်စသဖြင့် မှားယွင်းနေပါက ပုံစံ-၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)