စေတုတ္တရာ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်ကပ်ထားကြေညာရန်အခြေအနေမရှိသည့် ကျေးရွာအုပ်စု(၂)စုအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃) ဖြင့် တောင်းဆိုရမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်သည်။ အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဇာဇာငြိမ်း