မင်းဘူး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်သီတာဝင်းဦးဆောင်ကာ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်းကျောင်းများမှ အသက် (၅) နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သီတာဝင်းဦးဆောင်ပြီး မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့ ကျန်းမာရေးဆရာ၊ ဆရာမများက မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများဖြစ်သော မြောက်ရပ်မူလတန်းကျောင်း၊ သီရိမင်္ဂလာမူလတန်းကျောင်း၊ ရှမ်းစုမူလတန်း(လွန်)ကျောင်း၊ မကြီးချောင်းမူလတန်း(လွန်)ကျောင်းနှင့် သုခကာရီသီလရှင်ဘုန်းတော်ကြီးပညာသင်ကျောင်းတို့အား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT)ကို အသက် ၅ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)