ပခုက္ကူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထား

ပခုက္ကူ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်ပြီး မြို့ပေါ်ရပ်ကွက်များ၌ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကြေညာကပ်ထားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါရှိမှု ရှိ/မရှိ၊ မိမိအမည်၊ မှတ်ပုံတင်နံပါတ်၊ အဘအမည်များ မှန်ကန်မှုရှိ/မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ မဲစာရင်းကြေညာကပ်ထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းနိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်