မင်းဘူး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၄) ရှမ်းစုအခြေခံပညာမူလတန်(လွန်)ကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် လူငယ်ရေးရာအသိပညာပေးအခန်းကဏ္ဍအား ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားကဏ္ဍများ၊ အသိပညာပေးဟောပြော၍ ကျောင်းသား၊ ကျောင်းသူများ အားကစားလိုက်စားပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် Physical Fitness Dance ကပြခြင်းဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းတို့က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ထိန်းသိမ်းရေးတို့ကို အသိပညာပေးဟောပြောကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်ပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)