လှိုင်းဘွဲမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

လှိုင်းဘွဲ  စက်တင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၃၀) ရက်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား(၉၀၆၇၈)ဦး၊ မ(၉၂၂၈၇)ဦး စုစုပေါင်း (၁၈၂၉၆၅)ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးမဲစာရင်း ပုံစံ(၃) ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့် လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထုတ်ပြန်ကြေညာထားသည့် စက်တင်ဘာလ (၃၀)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အတွင်း ပြင်ဆင်လျှောက်ထားနိုင်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)