ကော့သောင်း စက်တင်ဘာ ၃၀
အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်ဦးဆောင်သော ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့စု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စိတ်၊ ခရိုင်/မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများနှင့် တပ်ဖွဲ့ဝင်မိသားစုများသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်(၅)နာရီခွဲက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
ဦးစွာ တပ်ဖွဲ့ဝင်များနှင့်မိသားစုတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဩကာသကန်တော့ချိုးဖြင့် ကန်တော့ဆုတောင်း၍ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဉုးပါမောက္ခထံမှ
သရဏဂုံနှင့်ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ယင်းနောက်ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်၍ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု၊ ပစ္စည်းများ ဆက်ကပ်ခဲ့ကြသည်။ ယင်းနောက် ရွှေပြည်သာကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)