ရေနံချောင်း စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချောင်းများမှ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့မှုများကြောင့် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျက်ရှိရာ အဆိုပါ ရပ်ကွက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သောက်သုံးရေလှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မမြောက်ရပ်ကွက်နှင့် ဆုံတိုက်ရပ်ကွက်တို့မှ သောက်သုံးရေအခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ထောင်စု ၅၀ မှ လူဦးရေ ၂၄၈ ဦးအတွက် သောက်သုံးရေအဆင်ပြေစေရန် မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ ၃၂၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)