ကျွန်းစုမြို့ ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

ကျွန်းစု စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျွန်းစုမြို့ ညောင်ဘီးကျေးရွာအုပ်စု ပဲယာကျေးရွာသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို ကွင်းဆင်း စစ်ဆေးသည်။

စစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌတို့ က မိုးစပါးစိုက်ပျိုးသည့် အဆိုပါ‌ ပဲယာကျေးရွာရှိ ဦးပိုင်အမှတ်(၈၄)၌ အသင်းသားတောင်သူ ဦးကြည်လင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများမှ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကွင်းဆင်းကြည့်ရှုသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မိုးစပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက်အချိုးကျ ထည့်သွင်းရေး၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အသင်းမှ လိုအပ်သည့် သွင်းအားစုများ ရရှိရေးအတွက် မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ ပန်းတိုင်အထွက်နှုန်း ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)