လိပ်သို စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးစို၊ ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဒေသနေပြည်သူများမှာ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းသီးများကို ရင့်မှည့်ချိန်ပေါ်မူတည်၍ တစ်နှစ်လျှင် (၃) ပြန်ခူးလေ့ရှိပြီး အခွံချွတ်၊ နေလှန်း၊ အခြောက်ပြုလုပ်ကာရရှိလာသော ကွမ်းသီးများကိုခွံအုပ်ခြောက်အတိုင်း ရောင်းချ၍လည်းကောင်း၊ အခွံခွာပြီး ပြောင်ကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီး စသည်ဖြင့် အမျိုးအစား ခွဲထုတ်၍လည်းကောင်း ရောင်းချကြကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်၌ ဒေသထွက်ကွမ်းသီးခွံအုပ်ခြောက်တစ်ပိဿာလျှင် ကျပ် (၁၅၀၀ဝိ/-) မှ (၂၀၀၀ဝိ/-)ကျပ်အထိ စျေးရရှိနေကြောင်း၊ ဒေသထွက် ကွမ်းသီးများမှာ အရည်အသွေးကောင်းမွန်သောကြောင့် ဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း