လဟယ်မြို့တွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်တိုက်ဖျက်‌ ရေးအသိပညာပေးဟောပြော

လဟယ် စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်သည့် (၁၉) ကြိမ် မြောက်ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကင်းစင်‌‌ရေး မနှေးအမြန်လက်တွဲပေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ခန်းမ၌ ကျင်းပပါသည်။

ဦးစွာ လဟယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကျော်မင်းက ခွေးရူး‌‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်တိုက်ဖျက်ရေး အကြောင်းအရာများနှင့် ပတ်သက်၍အသိပညာပေးဟောပြောပါသည်။ ထို့နောက် ခွေးရူးရောဂါကြိုတင်ကာကွယ်တိုက်ဖျက်ရေးနှင့် ခွေးရူးရောဂါကူးစက်ပြန့်နှံ့ပုံ video clip အားပြသခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကျော်မင်း နှင့်ရုံး၀န်ထမ်းများ၊မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်မှ ပြည်သူ (၃၀) ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)