ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ အောင်စက်သုံးဆီအရောင်းဆိုင်၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့် စုဆောင်းထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်​ဆေးဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)