ကော့ကရိတ်မြို့အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌နှင့် လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်

ကေ့ာကရိတ် စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၄၂.၁၈)သန်းဖြင့် ကေ့ာကရိတ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း လမ်းသားတိုးချဲ့ခြင်း၊ စက်ကြီးလမ်းနှင့် ဘုရင့်နောင်လမ်းကွန်ကရစ်လမ်းခင်းခြင်း၊ အမှတ်(၆)ရပ်ကွက်၊ ကျောင်းလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းတို့ကို စက်တင်ဘာလမှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်လမ်းနှင့်စက်ကြီးလမ်းတို့ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အမှတ်(၃)ရပ်ကွက်အတွင်းရှိ အရှည် (၁၀၀၀)ပေ၊ အကျယ်(၃-၆)ပေ၊ ထု(၆)လက်မရှိ ဗိုလ်ချုပ်လမ်း လမ်းသားတိုးချဲ့ခြင်း၊ အရှည်(၇၄၀)ပေ၊ အကျယ်(၁၃)ပေ၊ ထု(၆)လက်မရှိ စက်ကြီးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကေ့ာကရိတ်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် ဘုရင့်နောင်လမ်း အရှယ်(၇၀၀)ပေ၊ (၁၄)ပေ၊ ထု( ၆)လက်မ၊ ကျောင်းလမ်းအရှည်(၁၂၀၀)ပေ၊ အကျယ် (၁၄)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)