မအူပင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ‌ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများကပ်ထားကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

မအူပင် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးမှာကြားခြင်းနှင့် မဲစာရင်းများကပ်ထားကြေညာရန်အတွက် ပုံစံစာရွက်များ၊ ပစ္စည်းများထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်ရှိ တိုးရွှေဝါ ခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမာမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေ၊ နည်းဥပဒေများအား power point ဖြင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများအား မဲစာရင်းကပ်ထားကြေငြာရန်အတွက် ပုံစံစာရွက်များနှင့် ပစ္စည်းများအား တာဝန်ရှိသူများမှထုတ်ပေးရာ ရပ်‌ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ရွေးကောက်ပွဲကော်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ စုစုပေါင်းအင်အား (၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)