ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းပြသင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၇၀) ဦး တက်ရောက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)