နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေဆွေးများ ဖြင့် EM ဘိုကာရှီမြေဆွေးပြုလုပ် နည်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက EM ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် လယ်ယာမြေများ၏ မြေဆီဩဇာဓါတ်နှင့် မြေဆီလွှာ ဖွဲ့စည်းမှုများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းထားနိုင်ခြင်း၊ ဓါတ်မြေဩဇာ လိုအပ်ချက်ကို အတတ်နိုင်ဆုံးမှီခိုသုံးစွဲရမှု လျော့နည်းလာ ခြင်း၊မြေသားတည်ဆောက်မှု ကောင်းခြင်း၊ ရေနှင့်အဟာရဓါတ်ကိုကောင်းမွန်စွာ ထိန်းထားနိုင်ခြင်း၊ ပေါင်းစေ့အပင်ပေါက် မြန်စေပြီး ပေါင်းနှိမ်နင်းရာတွင်လွယ်ကူစေခြင်း၊ သီးနှံပင်များ၏ပင် ကြွင်းပင်ကျန်များဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊သဘာဝဖြင့် ပြုလုပ်ထားသော မြေဩဇာဖြစ်သောကြောင့် လူသားများအစားအစာဘေးအန္တရာယ် ကင်းရှင်းစေနိုင်ခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့နိုင်သော စိုက်ပျိုးရေးစနစ်ကိုဆောင် ရွက်နိုင်ရန်နှင့် သီးနှံတစ်ဧက အထွက်နှုန်းတိုးတက်လာစေရန် နှမ်းရိုး၊ မြေပဲရိုး၊ ပေါင်းမြတ် များဖြင့် EM ဘိုကာရှီမြေဆွေးအသုံးချ၍ သဘာဝမြေဩဇာ ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၀ပေ၊၆ပေ၊၄ပေ) မြေဆွေးပုံများပြုလုပ်၍ တောင်သူများအား ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း