သဲကုန်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ရွာသာယာကျေးရွာအုပ်စုနှင့် ကျေးသားကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ၂၀၂၄ ဘဏ္ဍာနှစ် မိုးချေးငွေပြေကျေသည့် တောင်သူလယ်သမားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လယ်တစ်ဧကလျှင် တစ်သိန်းခွဲအတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးချေးငွေများကို မေလဆန်းပိုင်းမှစ၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာ (၅၈)ရွာမှ တောင်သူ (၇၂၀၃)ဦး၏ လယ်ဧက (၄၀၀၆၅) ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၆၀၀၉၇၅၀၀၀၀)သိန်းကို ထုတ်ချေးပေးပြီးဖြစ်ရာ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် ယခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို သဲကုန်းမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု(၆၂)အုပ်စုရှိ စိုက်ဧက (၅၆၀၀၀) ဧကအတွက် ချေးငွေပမာဏသိန်းပေါင်း (၈၄၀၀၀) ကျပ် ထုတ်ချေးရန်လျာထားပြီး မေလ ၂၇ ရက်မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာထံမှ သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)