စလင်း စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း၌ ဝါကျွတ်လက်ဆောင် သီတင်းကျွတ်ရောင်စုံမီးထွန်းကလေးကစားစရာ အရုပ်များရောင်းအားကောင်း မိသားစုအဆင်ပြေလျက်ရှိကြောင်း မြန်မာ့ရိုးရာလက်မှု ရောင်စုံမီးထွန်းအရုပ်များကို ပြုလုပ်ရောင်းချသူများ ပြောပြချက်အရသိရသည်။
စလင်းမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာမှ ယနေ့အထိ ဖိုးဘွားအစဥ်အဆက် ဝါလကင်းလွတ်သီတင်းကျွတ်အ ခါသမရတွင် မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါကြီးအဖိုးအဖွားများအား ဆေးဝါး၊ စားသောက်စရာများနှင့် ငွေများဖြင့်ကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ နေရာဒေသအလိုက် ဆီမီးပူဇော်ထွန်းညှိခြင်းများကို ပြုလုပ်လေ့ရှိကြသည်၊၊
ထို့အတူ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ပြုလုပ်ရောင်းချရာတွင် မီးပုံးအမျိုးမျိုးအကြီးအငယ်ပေါ်မူတည်၍ ၅၀၀ ကျပ်မှ ၁၀၀၀ကျပ်၊ ၂၅၀၀ကျပ်နှင့် အမျိုးမျိုးရောင်းချကြရသည်။ မီးပုံးလေးများနှင့် ယုန်ရုပ် ၁၅၀၀ကျပ်၊ ကြက်ရုပ်၃၅၀၀ကျပ်၊ ဆင်ရုပ်၅၀၀၀၊ ဒေါင်းရုပ်၅၀၀၀+၆၀၀၀ကျပ်၊ ဇီးကွက်ရုပ်၃၅၀၀ကျပ်၊ လေယာဥ်ရုပ်၅၀၀၀+၆၀၀၀ကျပ်ကြားပန်း၂၅၀၀ကျပ်နှင့် ကလေးကစားစရာအရုပ်မျိုးစုံအကြီး၊ အသေး၊ အလတ်အမျိုးအစားအလိုက် စျေးအမျိုးမျိုးရောင်းချကြရကြောင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များကို ဖန်တီးပြုလုပ်ရန်အတွက် သီတင်းကျွတ်မတိုင်ခင် တစ်လခွဲလောက်ကြိုတင်စိပ်ခွဲ၍ နှီးအဖြစ်ဖြာကာ ကလေးကစားစရာအရုပ်၊ အမျိုးမျိုးကို ကြိုတင်ပြုလုပ်၍ မှန်ရောင်စက္ကူနှင့် ဆီစိမ်စက္ကူစာရွက်များ၊ မှန်ရောင်စက္ကူများကို ကြိုတင်၍ ဝယ်ယူစုဆောင်း ထားရှိပြီးရသည်။ ထိုသို့ပြု လုပ်ဆောင်ရွက်ရာ၌၊ အရင်းအနှီးအနေဖြင့် ငါးသိန်းအထက်တွင်ရှိပြီး၊ ကုန်ပစ္စည်းသိုလှောင်မှုပေါ်မူတည်၍ ကုန်ကျကြောင်း ယခုနှစ်တွင်ယခင်နှစ်များနည်းတူ အရုပ်ရောင်းချရာ၌ ရောင်းအားနည်းကြောင်း မြို့နယ်နမိတ်ခြင်းထိစပ်သည့် မြို့များ၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဖောက်သည်ယူရောင်းချကြကြောင်းဖြင့် သီတင်းကျွတ်အခါမတိုင်မီ တစ်ရက်ပျမ်းမျှစျေး၌ ထိုင်ရောင်းပါက သုံးသောင်း၊ လေးသောင်းဖို့ခန့်ရောင်းချရကြောင်း မြန်မာ့ရိုးရာလက်မှုပညာအမွေအနှစ်လုပ်ငန်း မီးပုံးနှင့်အရုပ်မျိုးမျိုးပြုလုပ်ရောင်းချသူ အနည်းငယ်သာရှိ၍ ယခုနှစ်မီးပုံးနှင့် ကလေးကစားစရာရောင်စုံမီးထွန်းအရုပ်များ ပြုလုပ်သူ ရောင်းချသူများထံမှ သိရသည်။
မောင်လွင်(စလင်း)