စလင်း စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း၊ သက်ကြီးပင်စင်စားများ၏ ပင်စင်လစာငွေများကို၊ စက်တင်ဘာလ(၂၂)ရက်၊ နံနက်(၇)နာရီအချိန်မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကိုအခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာငွေများထုတ်ပေးရာ၌ ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျရေးဆွဲ ကြိုတင်ပြင်ဆင်ထားရှိပြီး ပင်စင်ထုတ်ယူသူများ အချိန်ကြာမြင့်မှုမရှိစေရန် လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြောင်း မြန်မာ့စီးပွားဘဏ်ရုံးမှ သိရသည်။
မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများ၏ ပင်စင်ထုတ်ရက်များ၌ ပြည်သူများ၏ ငွေသွင်းခြင်း၊ ငွေထုတ်ယူခြင်းများကိုလည်း အဆင်ပြေလွယ်ကူလျင်မြန်အောင်၊ ဆောင်ရွက်ထားရှိပြီး နံနက်(၇)နာရီအချိန်မှ နေ့လယ်(၂)နာရီအချိန်အထိ ပင်စင်စားဦးရေနှစ်ထောင်ကျော်ရှိရာမှ ယနေ့စက်တင်ဘာလ (၂၂)ရက်နေ့ ပင်စင်ထုတ်ယူသူ(၆၈၅)ဦးတို့အား အခက်အခဲမရှိ ထုတ်ပေးနိုင်ခဲ့ကြောင်း ပင်စင်ထုတ်ယူရန် ကျန်ရှိနေသူများကိုလည်း အစိုးရရုံးဖွင့်ရက်များတွင် ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံးမှ သိရသည်။
မောင်လွင်(စလင်း)