မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြန်အောင်မြို့ သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး၊ စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

မြန်အောင် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင် ကြည့်ရှုအားပေး၍ မြို့သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင်တွင် ပန်းအလှပင်များစိုက်ပျိုးနေမှုတို့အား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်လမ်းဦးစီးမှုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့နှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မြန်အောင်မြို့ရှောင်လမ်း လမ်းဘေးဝဲယာသစ်ပင်များ စိုက်ပျိုးထားရှိမှုနှင့် ခြုံနွယ်များရှင်းလင်းရေး၊ မြို့ရှောင်လမ်းဆုံ မြေယာရှုခင်း ဆောင်ရွက်ရေးတို့အား တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆးခဲ့သည်။

မြန်အောင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ်စနေနေ့တိုင်း မြို့အဝင် သန့်ရှင်းသာယာလှပရေး၊ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများ၊ မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်များ၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ဆယ်ယူခြင်း၊ ခြုံနွယ်များသန့်ရှင်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)