ဇလွန် စက်တင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ဇလွန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ဇလွန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်တွေ့ဆုံရာတွင် ရွှေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ခိုင်စိုးက ရွေးကောက်ပွဲဆိုင်ရာကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဇလွန်(ပြန်/ဆက်)