သာပေါင်းမြို့ပေါ်ရှိ ဆေးဆိုင်များ ဆေးဆိုင်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်းရှိ/မရှိ စစ်ဆေး

သာပေါင်း စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဆိုင်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွား ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်/ကျောင်းကျန်းမာရေးအာဟာရ)နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးဆိုင်လိုင်စင်သက်တမ်း ကုန်ဆုံးခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး