ခမောက်ကြီး စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ အခြေခံပညာမူလတန်းလွန်ကျောင်း စမ်းသီတာရှိ ကျောင်းသား၊ ကျောင်းသူများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က (KG)အတန်းမှ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးသောက်သုံးခြင်း၏ အကျိုးကျေးဇူးများနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးဆိုင်ရာ အကြောင်းများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး အင်အားပြည့်ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)