ခန္တီး စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ(KTV)ဆိုင်များ၌ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရခြင်းမှာ ကာရာအိုကေ(KTV)ဆိုင်များတွင် Hi ခန်းများရှိ/မရှိ၊ Happy Water၊ ကတ်တမင်း အစရှိသည့်မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ ဖြန့်ချီရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ချိန်ကျော်လွန်၍ ဆိုင်ဖွင့်ခြင်း၊ အသံဆူညံ၍ ပတ်ဝန်းကျင်အား အနှောက်အယှက်ပြုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ အမျိုးသမီးများဖြင့်မြူဆွယ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းခြင်း စသည့်ကိစ္စရပ်များ မပေါ်ပေါက်စေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)