ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅) ရက်တာ ဖွင့်လှစ်

ကော့သောင်း စက်တင်ဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌‌ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၅ ရက်နေ့က ကော့သောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်ပွဲကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ လျှော်မွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ အလှဖယောင်းပြုလုပ်နည်းနှင့် ပရုတ်ဆီပြုလုပ်နည်းများအပါအဝင် လူသုံးကုန်ထုတ်လုပ်နည်းများကို စက်တင်ဘာ (၂၅) ရက်နေ့မှ စက်တင်ဘာ (၂၉) ရက်နေ့ထိ သင်တန်းကာလ (၅) ရက်တာ စာတွေ့၊ လက်‌‌တွေ့ပို့ချသွားမည်ဖြစ်ပြီး ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ (၁၀) ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)