ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကောက်ကောက်ညွှန့်များ ချိုးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ  ၂၆    

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူများသည် နှစ်ရှည်၊ နှစ်တိုဉယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းအပြင် သဘာဝတောတောင်၊ ချောင်းစပ်နှင့်ဓနိတောစပ်များမှ ထွက်ရှိသည့် ရာသီပေါ်အသီးအရွက်များကို ဆွတ်ခူးရောင်းချလျက်ရှိရာ ရာသီပေါ်ကောက်ကောက်ညွှန့်များအား ခူးဆွတ်ရောင်းချခြင်းဖြင့် ပြည်သူများ ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ချောင်းစပ်များ၊ လယ်ကွက်ဘေးပတ်ဝန်းကျင်တစ်လျှောက်တွင် သဘာဝအတိုင်းပေါက်ရောက်သည့် ကောက်ကောက်ညွှန့်များသည် မိုးရာသီ၌ လှိုင်လှိုင်ထွက်ရှိလာသဖြင့် အရွက်နုများကို လိုက်လံချိုးယူကြပြီး မိသားစုစားသုံးရန်အပြင် ပိုလျှံသောကောက်ကောက်ရွက်အနုများကို ပြန်လည်ရောင်းချလျက်ရှိရာ တစ်စည်းလျှင် (၅၀၀) ကျပ် ရရှိကြောင်း သိရသည်။

ကောက်ကောက်ညွှန့်များကို တို့စရာအဖြစ်လည်ကောင်း၊ ကြော်စားသုပ်စား၍သော်လည်ကောင်း၊ ဟင်းရည်အဖြစ်လည်ကောင်း ပြုလုပ်စားသုံးကြကြောင်း၊ ကောက်ကောက်ညွှန့်များသည် ခန္ဓာကိုယ်အတွက် အဟာရဓာတ်များပါဝင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ကျောက်ကပ်ရောင်ခြင်း၊ အရိုးကျိုးနှင့် အရိုးများပြန်လည်ဆက်ခြင်းများကို ကောင်းမွန်ကြောင်း သိရသည်။                                        

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)