လှိုင်းဘွဲ စက်တင်ဘာ ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို စက်တင်ဘ ၂၄ ရက် နံနက်ပိုင်းက ထီလုံစံပြကျေးရွာ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲသို့ ထီလုံကျေးရွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅၀နှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြပြီး ဘားအံခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာခင်ငယ်အောင်၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူး ဒေါက်တာသီဟတို့က ခွေးရူးရောဂါဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ ခွေးရူးရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးသည်။
ဟောပြောပွဲအပြီးတွင် လှိုင်းဘွဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြပြီး ယခုရက်သတ္တပတ်အတွင်း ခွေးရူးရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)