ပန်းတနော်မြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဗေဒါမြေဆွေး ကွင်းဆင်း ဆောင်ရွက်

ပန်းတနော် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ဗေဒါမြေဆွေးပြုလုပ်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ဗေဒါမြေဆွေးပြုလုပ်ခြင်း ဆောင်ရွက်ရာတွင် လိုအပ်သောပစ္စည်းများမှာ ဗေဒါ၊ ဖွဲနု၊   EM အရည်၊  ယူရီးယားစသည့် ပစ္စည်းများကိုရောစပ်ပြီး မြေဆွေးပုံကို အလျား  ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ပြုလုပ်ရပြီး အလင်းမပေါက်သော အမိုးအကာဖုံးအုပ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် လယ်မြေနှင့်စိုက်ခင်းတောင်သူများ ကောင်းမွန်သော စိုက်ပျိုးနည်းပညာများ ရရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရေးနှင့် ​မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေပြီး မြေအစိုဓာတ်ထိန်ပေးခြင်း၊ အမြစ်သန်စွမ်းခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ခြင်း၊ တစ်နှစ်ထက်တစ်နှစ် မြေဆီလွှာရုပ်ဂုဏ်သတ္တိ၊​ဒြပ်ဂုဏ်သတ္တိ ကောင်းမွန်​သော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်လင်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)