ခမောက်ကြီး စက်တင်ဘာ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ ဆရာမများ ပူးပေါင်း၍ ကျောင်းအခြေပြု DT ကာကွယ်ဆေးနှင့် HPV ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ မွန်လွဲပိုင်းက အ.လ.က ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်နေမှုကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော (KG) ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးကို ကျောင်းအခြေပြု DT ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက် (၉) နှစ်အထက် ကျောင်းသူ (၂၄) ဦးအား HPV ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)