ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းကမ်းနားတွင် (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဇလွန် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ကမ်းနားကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။ အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် (ဒုတိယအကြိမ်)ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ အ.မ.က ကမ်းနားကျောင်းသို့ ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးအုန်းကျော်နှင့် ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)