ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ/မရှိကို သွေးဖောက်စစ်ဆေးပေးခြင်းဆောင်ရွက်

ပလောက် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး သွေးဖောက်စစ်ဆေးပေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ပေးရာတွင် ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ (၉၅၀) အားငှက်ဖျား ရောဂါကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ /မရှိကိုစစ်ဆေးပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့မိခင်နှင့်ကလေး၊အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

  ပလောက် (ပြန်/ဆက်)