ပခုက္ကူဦးအုန်းဖေ စာပေဆုရှင်၏ ဆီကိုရေချိုး စာအုပ်မိတ်ဆက်ပွဲကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၂၅

စာရေးဆရာမကြီး နွေးထွေး (ပုသိမ်ကြီး)၊ ခင်သိန်း (ညောင်ဦး) ပခုက္ကူဦးအုန်းဖေ စာပေဆုရှင်၏ ဆီကိုရေချိုး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ တောင်သူ ဦးမျိုးသန့် ၏ ကွင်းအမှတ် (၅၀၃)၊ ဧက (၁၀၀) စံပြစိုက်ကွင်း၌ ကျင်းပရာ မြို့နယ်ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မန္တလေးမြိုမှ စာရေးဆရာများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း နာယကဆရာကြီး မာဃိန္ဒ (ပုသိမ်ကြီး)က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်)နှင့် စာရေးဆရာကြီးများက မုဒိတာစကား ပြောကြားကြသည်။ ထို့နောက် တောင်သူကြီးဦးမျိုးသန့် (မျိုးမြန်မာစိုက်ပျိုးထုတ်လုပ်ရေး) က တက်ရောက်လာသည့် စာရေးဆရာကြီးများအား နွေးထွေး (ပုသိမ်ကြီး) ရေးသားသည့် ဆီကိုရေချိုး စာအုပ် (၆၀) ဝယ်ယူ၍ စာရေးဆရာများအား တစ်ဦးတစ်အုပ်နှုန်းနှင့် ဆန် (၈) ပြည်အိတ်တစ်အိတ် မေတ္တာလက်ဆောင် ပေးအပ်သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား စာမူရှင်က စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)