တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစား (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် စက်တင်ဘာ ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့်အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစား (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသော ထားဝယ်အသင်းနှင့်ရေဖြူအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်အသင်းက (၁၁) ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  သရက်ချောင်းမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  ရေဖြူမြို့နယ်အသင်း၊ ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးက  အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  လောင်းလုံးမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့်အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  သရက်ချောင်းမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့ နယ်အသင်းအားလည်းကောင်းငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  လောင်းလုံးမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  သရက်ချောင်းမြို့ နယ် အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့ နယ်အသင်းတို့အားလည်း ကောင်း တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက  အမျိုးသမီးပြေးခုန်ပစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်း မြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် အမျိုးသားပြေးခုန်ပစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ထားဝယ်မြို့ နယ်အသင်းတို့အားလည်းကောင်း၊  တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်က အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့်ရေဖြူမြို့နယ်အသင်း၊ ပထမဆုရရှိသည့်ထားဝယ်မြို့နယ်အသင်းနှင့် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့်ထားဝယ်မြို့နယ်အသင်း ပထမဆုရရှိ သည့် သရက်ချောင်းမြို့နယ် အသင်းတို့အားလည်းကောင်း ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်း မြို့နယ်အသင်း၊ ပထမဆုရရှိသည့်ထားဝယ်မြို့နယ်အသင်းနှင့်အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်း၊ ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းတို့အား ငွေသားဆုပေးအပ်ချီးမြှင့်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်ရေဖြူမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက  အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်ထားဝယ်မြို့နယ်အသင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်သရက်ချောင်းမြို့နယ်အသင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုနှင့်ငွေသားဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အသက်(၁၈)နှစ်အောက်အခြေခံပညာ ကျောင်းသား အားကစား (အမျိုးသမီး/ အမျိုးသား) ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊  စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော ပြိုင်ပွဲများတွင် ပထမဆုရရှိသည့် အသင်းများအား တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)