ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ စိုးသူအောင် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ ရှစ်မျက်နာဘုရားကြီးဓမ္မာရုံအတွင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီးချိုစစ်ဆးပေးခြင်း၊ အဝလွန်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ် ခန့်မှန်းတွက်ချက်ပေးခြင်း၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုပ်ပွရောဂါများ ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း၊ ရေထိုး ကုသဆောင်ရွက်ပေးခြင်းစသည့်ရောဂါများ စစ်ဆေးပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ်မူတည်၍ သောက်ဆေးများ အခမဲ့ပေးဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန သွားဆရာဝန် ဒေါက်တာ အေးမင်းဇော် ပြည်သူများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆေးဝါးများအခမဲ့ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်/ကျွန်မတို့ ပြည်သူများအနေဖြင့် ယခုလို ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးတဲ့ မြို့နယ်ဆရာဝန်ကြီးနှင့် ဆရာ/ဆရာမများအား ကျေးဇူးတင်ပါကြောင်း” ဆေးကုသသူပြည်သူတစ်ဦးက ပြောပြပါသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)