နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

နတ်မောက် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သတင်းများရေးသားထုတ်ပြန်ရာတွင် စနစ်တကျရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။            

အဆိုပါ သတင်းရေးသားနည်းသင်တန်းတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး(ဦးစီးအရာရှိတွဲဖက်)က  သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကို သင်ကြားခဲ့ရာတွင် သတင်းရယူနည်း၊ သတင်းတည်ဆောက်နည်း၊ သတင်းရေးသားနည်း၊ သတင်းထောက်များလိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်၏တန်ဖိုး၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်၊ သတင်းတည်းဖြတ်ရာတွင် အလေးထားရမည့်စံသတ်မှတ်ချက်များနှင့် မိုဘိုင်းဖုန်းဖြင့် ကင်မရာအသုံးပြုနည်း စသည့်သတင်းအကြောင်းအရာများကို သတင်းကြားပို့ချခဲ့ရာ ရုံးဝန်ထမ်းများက စိတ်ပါဝင်စားစွာရေးမှတ်ခဲ့ကြပြီး မရှင်းလင်းသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

လှဝင်း