နတ်မောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်၊ ဖြစ်ပွားနေစဉ် ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးချိန်၌ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြစ်သည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခြင်းဖြစ်သည်။
လှဝင်း