ထားဝယ် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း က ထားဝယ်မြို့ ဆန်းချီဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ထို့သို့လက်တွေ့စမ်းသပ်မဲပေးနေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းထွတ်သိန်း (တိုင်းဒေသကြီး တာဝန်ခံ) က ဒေသခံပြည်သူများစမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ကိုင်တွယ်ပုံ၊ လက်တွေ့စမ်းသပ် သရုပ်ပြမဲပေးပုံ၊ မဲရုံခင်းကျင်းပုံစသည့်တို့ကို ကြည့်ရှုအားပေးးရာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် တို့က ဆန်းချီဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ဆား တို့ကို လှူဒါန်းခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)