ခမောက်ကြီးမြို့တွင် ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

စက်တင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့နာ၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က ခမောက်ကြီးကျောင်းတွင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွား ဆရာမ ဒေါ်ခိုင်ယမင်းပွင့်က အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော(KG) ကျောင်းသားကျောင်းသူ (၃၃)ဦးကို ကျောင်းအခြေပြု DT ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက်(၉)အထက် ကျောင်းသူ(၂၂)ဦးအား HPV ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခဲ့သည်။ ထို့နောက်ကာကွယ်ဆေးထိုးပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးထိန်လင်းက လာရောက်ကြည့်ရှုအားပေး ကြောင်းသိရသည်။

ခမောက်ကြီး (ပြန်/ဆက်)