မကွေး စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပုညဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်း နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရာက်ကြသည်။
ထို့နောက် မကွေးမြို့၊ ပုညဝတီကျောင်းတိုက်ဦးစီးနာယက ဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး အမှူးပြုသောသံဃာတော်(၂၂၅)ပါး၊ သီလရှင်(၅)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီးဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားများနာယူ၍ ရေဆက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)