ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က   မြို့နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသက်ဦးဟန်က မဲဆန္ဒရှင်ပြည် သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပေးပြီး တက်ရောက်လာကြသော ပြည်သူတစ်ဦးချင်းအလိုက် မဲပေးပုံမဲထည့်နည်းတို့အား လက်တွေ့ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက် ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မဲဆန္ဒရှင် ပြည်သူ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်၍ သိရှိလိုသည်များကို မေးမြန်းရာ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)