ဖြူး စက်တင်ဘာ ၂၄
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်များမှပြည်သူ့ အကျိုးပြုအနေဖြင့်စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်ကဖြူးခုတင် (၁၀၀)ဆံ့ ပြည် သူ့ဆေးရုံ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့သွေးလှူဒါန်းရာတွင် ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူးကျော် စိုးဦးစီးသောရဲတပ်ဖွဲ့ ဝင်(၁၅)ဦး အားဆေးရုံအုပ်ကြီးဒေါက်တာ အောင်ကျော်မိုးနှင့်ဆရာဝန်၊ သူနာပြုများမှ လိုအပ်သောဆေးစစ်ဆေးမှုများ ပြုလုပ်ပြီးသွေးထုတ်ယူလှူဒါန်းကာ ကြက်ဥ၊ အာဟာရ ဖြည့်စွက်စာများ၊ အားဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)