ရွှေတောင် မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

ရွှေတောင် စက်တင်ဘာ ၂၄

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာဦးစီးဌာန ဆရာ၊ ဆရာမများနှင့် ပူးပေါင်းကာကိုယ်ပိုင်ကျောင်းအပါဝင် အခြေခံပညာကျောင်းအခြေခံပညာ ကျောင်း(၁၇၅) ကျောင်းရှိကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅)နှစ် ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်ဆက်)