ပခုက္ကူမြို့ ရိုးမဘဏ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ရိုးမဘဏ်၌ ဘဏ်ဝန်ထမ်းများနှင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။ 

ရှေးဦးစွာ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရိုးမဘဏ်ရုံး အတွင်း /အပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း အသိပညာပေး ဟောပြောကြသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ အရေးပေါ်မီးငြှိမ်းသတ်နည်းများ ရှင်းလင်းပြသရာ ဘဏ်ဝန်ထမ်းများက လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)